မဟာပဋ္ဌာန်းဒေသနာတော် ပါဠိ - မြန်မာပြန်အနက်

ဒေါင်းလုဒ်ပြုလုပ်၍ သိမ်းဆည်းရန် ဒီကိုနှိပ်ပါ >>   "Download PDF"   <<

နမော တဿဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ     

မဟာပဋ္ဌာန်းဒေသနာတော်

ပစ္စယုဒ္ဒေသပါဠိ

ဟေတု ပစ္စယော၊ အာရမ္မဏ ပစ္စယော၊

အဓိပတိ ပစ္စယော၊ အနန္တရ ပစ္စယော၊

သမနန္တရ ပစ္စယော၊ သဟဇာတ ပစ္စယော၊

အညမည ပစ္စယော၊ နိဿယ ပစ္စယော၊

ဥပနိဿယ ပစ္စယော၊ ပုရေဇာတ ပစ္စယော၊

ပစ္ဆာဇာတ ပစ္စယော၊ အာသေဝန ပစ္စယော၊

ကမ္မ ပစ္စယော၊ ဝိပါက ပစ္စယော၊

အာဟာရ ပစ္စယော၊ ဣန္ဒြိယ  ပစ္စယော၊

ဈာန ပစ္စယော၊ မဂ္ဂ ပစ္စယော၊

သမ္ပယုတ္တ ပစ္စယော၊ ဝိပ္ပယုတ္တ ပစ္စယော၊

အတ္ထိ ပစ္စယော၊ နတ္ထိ ပစ္စယော၊

ဝိဂတ ပစ္စယော၊ အဝိဂတ ပစ္စယောတိ။

ပစ္စယုဒ္ဒေသော နိဋ္ဌိတော။

ပစ္စယနိဒ္ဒေသပါဠိ

ဒေါင်းလုဒ်ပြုလုပ်၍ သိမ်းဆည်းရန် ဒီကိုနှိပ်ပါ >>   "Download PDF"   <<

၁ - ဟေတုပစ္စယ

ဟိတ်ခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (အခြေအမြစ် အကြောင်းတရား)

လူဟုခေါ်ဆိုအပ်သော ကျွနု်ပ်တို့သည် “အခြေအမြစ် အကြောင်းတရား” တို့ဖြင့် လူ့ဘဝကို အစပြုခဲ့ပေ၏။

ညောင်ပင်မြစ်သည် ညောင်ပင်အားမြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုရှိသော လောဘ၊ ကြမ်းတမ်းသောခက်ထန်ခြင်း အမျက်ထွက်ခြင်းရှိသော ဒေါသ၊ မကောင်းသော အယူဝါဒကို မစွန့်ဘဲ ငိုက်မြည်းတွေဝေခြင်းရှိသော မောဟ၊ လောကီအာရုံ ကာမဂုဏ်တို့၌ လိုချင်မှုမရှိသော အလောဘ၊ နူးညံ့စွာ ယဉ်ကျေးလိမ္မာ၍ ကြမ်းတမ်းခက်ထန်ခြင်း၊ အမျက်ထွက်ခြင်းမရှိသော အဒေါသ၊ ကောင်းသောအယူဝါဒကို လက်ကိုင်ထားပြီး ယုံမှား သံသယများဖြင့် ငိုက်မြည်းတွေဝေခြင်း မရှိသော အမောဟတရားတို့သည် စိတ်၊ စေတသိက် တရားတို့အား အလိုသို့လိုက်၍  ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဟေတုပစ္စည်းတရားကို ဟောတော်မူသည်။

ဟေတုပစ္စယောတိ -
ဟေတု ပစ္စည်းဟူသည်ကား -

ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ
အခြေအမြစ်တရားတို့သည် မိမိတို့နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ
မိမိတို့ကြောင့်ဖြစ်ပေါ်သော ရုပ်တရားတို့အားလည်းကောင်း

ဟေတု ပစ္စယေန ပစ္စယော။
‘အခြေအမြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည်ဖြစ်၏။

၂ - အာရမ္မဏ ပစ္စယ

အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (အာရုံ အကြောင်းတရား)

အဆင်း၊ အသံ စသော “အာရုံ” တို့သည် မြင်သိစိတ်၊ ကြားသိစိတ် စသည်တို့ကို ဖြစ်ပေါ်စေ၏။

တောင်ဝှေးသည် မသန်မစွမ်းသူတို့အား အလိုရှိရာသို့ ရောက်စေ၍ အထောက်အကူပေးသကဲ့သို့ အဆင်း(ရူပါရုံ)၊ အသံ(သဒ္ဓါရုံ)၊ အနံ့(ဂန္ဓာရုံ)၊ အရသာ(ရသာရုံ)၊ အတွေ့အထိ(ဖောဋ္ဌဗ္ဗာရုံ)၊ စိတ်ခံစားမှု(ဓမ္မာရုံ) ဟူသော အာရုံခြောက်ပါးတို့သည် ကုသိုလ်၊ အကုသိုလ်တရားတို့ကို အကျိုးအကြောင်းများဖြင့် မိမိစိတ်ကို အထောက်အကူပြုပေးသကဲ့သို့ ကျေးဇူးပြုခြင်းငှာ အာရမ္မဏပစ္စည်း တရားကိုဟောတော်မူသည်။

အာရမ္မဏ ပစ္စယောတိ -
အာရမ္မဏ ပစ္စည်းဟူသည်ကား -

ရူပါယတနံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
အဆင်းအာရုံသည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သဒ္ဒါယတနံ၊ သောတ ဝိညာဏ ဓာတုယာ၊
အသံအာရုံသည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဂန္ဓာယတနံ၊ ဃာန ဝိညာဏ ဓာတုယာ၊
အနံ့အာရုံသည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရသာယတနံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
အရသာအာရုံသည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဖောဋ္ဌဗ္ဗာယတနံ၊ ကာယ ဝိညာဏ ဓာတုယာ၊
အထိအတွေ့အာရုံသည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
 ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊
အဆင်းအာရုံသည် အသံအာရုံသည် အနံ့အာရုံသည်

ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ၊ မနော ဓာတုယာ၊
အရသာအာရုံသည် အထိအတွေ့အာရုံသည် အာရုံကို သိကာမျှသဘော မနောဓာတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သဗ္ဗေ ဓမ္မာ၊ မနော ဝိညာဏ ဓာတုယာ၊
ခပ်သိမ်းသောတရားတို့သည် အာရုံကိုအထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ယံ ယံ ဓမ္မံ အာရ ဗ္ဘ၊
အကြင် အကြင်သို့သော တရားကိုအာရုံပြု၍

ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊
အကြင် အကြင်တို့တရားတို့ ဖြစ်ကုန်သော

စိတ္တ စေတသိကာ ဓမ္မာ၊
စိတ်၊ စေတသိက်တရားတို့သည် ဖြစ်ကြကုန်၏။

တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ၊
ထိုထိုတို့သော တရားတို့သည် ထိုထိုသို့သော တရားတို့အား

အာရမ္မဏ ပစ္စယေန ပစ္စယော။
‘အာရုံသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၃ - အဓိပတိပစ္စယ

အကြီးအမှူးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။ (အကြီးအမှူး အကြောင်းတရား)

“ဆန္ဒ၊ ဝီရိယ၊ စိတ်နှင့် ပညာ” တို့သည် အကြီးအမှူးများ ဖြစ်၏။  မိမိတို့နှင့်အတူတကွဖြစ်ပေါ်သော ထက်မြက်အားကောင်းသည့် စိတ်(ဇော)များ၊ စေတသိက်များနှင့် ကိုယ်၊ နှုတ်၊ အမူအရာ တို့ကို ပြိုင်ဘက်ကင်း အစိုးရ၏။

စကြဝတေးမင်းသည် ပြိုင်ရဲသူ၊ပြိုင်သူ မရှိလောက်အောင် ဇွဲ၊လုံ့လ အပြည့်ဖြင့် အုပ်ချုပ်သကဲ့သို့ အလိုဆန္ဒအလွန်ပြင်းပြခြင်း ဟူသော ဆန္ဒာဓိပတိ၊ အားထုတ်ခြင်း လုံ့လဟူသော ဝီရိယာဓိပတိ၊ လွန်စွာညွှတ်ခြင်း ကိုင်းရှိုင်းခြင်း စိတ်ဓာတ်ပြင်းထန်ခြင်း ဟူသော စိတ္တာဓိပတိ၊ အသိဉာဏ်ပညာဖြင့် အသင့်ဆင်ခြင်ခြင်း ဟူသော ဝီမံသာဓိပတိဟူသော အဓိပတိ တရားများသည် အားကောင်းရာသို့ လိုက်၍ ကျေးဇူးပြုခြင်းငှာ အဓိပတိပစ္စည်း တရားကို ဟောတော်မူသည်။

အဓိပတိ ပစ္စယောတိ -
အဓိပတိ ပစ္စည်းဟူသည်ကား -

 ဆန္ဒာဓိပတိ၊ ဆန္ဒ သမ္ပယုတ္တကာနံ ဓမ္မာနံ၊
လိုလားမှု အကြီးအမှူးသည် မိမိနှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
မိမိကြောင့်ဖြစ်သော ရုပ်တို့အားလည်းကောင်း

အဓိပတိ ပစ္စယေန ပစ္စယော။
‘အကြီးအမှူးသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဝီရိယာဓိပတိ၊ ဝီရိယ သမ္ပယုတ္တကာနံ ဓမ္မာနံ၊
အားထုတ်မှု အကြီးအမှူးသည် မိမိနှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
မိမိကြောင့်ဖြစ်သော ရုပ်တို့အားလည်းကောင်း

အဓိပတိ ပစ္စယေန ပစ္စယော။
‘အကြီးအမှူးသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စိတ္တာဓိပတိ၊ စိတ္တ သမ္ပယုတ္တကာနံ ဓမ္မာနံ
စိတ်အကြီးအမှူးသည် မိမိနှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
မိမိကြောင့်ဖြစ်သော ရုပ်တို့အားလည်းကောင်း

အဓိပတိ ပစ္စယေန ပစ္စယော။
‘အကြီးအမှူးသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဝီမံသာဓိပတိ၊ ဝီမံသ သမ္ပယုတ္တကာနံ ဓမ္မာနံ၊
ပညာအကြီးအမှူးသည် မိမိနှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
မိမိကြောင့်ဖြစ်သော ရုပ်တို့အားလည်းကောင်း

အဓိပတိ ပစ္စယေန ပစ္စယော။
‘အကြီးအမှူးသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ယံ ယံ ဓမ္မံ ဂရုံ ကတွာ၊
အကြင် အကြင်သို့သော တရားကိုအာရုံပြု၍

ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊
အကြင် အကြင်တို့တရားတို့ ဖြစ်ကုန်သော

စိတ္တ စေတသိကာ ဓမ္မာ၊
စိတ်စေတသိက် တရားတို့သည် ဖြစ်ကြကုန်၏။

တေ တေ ဓမ္မာ တေသံ တေသံ ဓမ္မာနံ၊
ထိုထိုသို့သော တရားတို့သည် ထိုထိုသို့သော တရားတို့အား

အဓိပတိ ပစ္စယေန ပစ္စယော။
‘အကြီးအမှူးသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၄ - အနန္တရပစ္စယ

အခြားမဲ့တစပ်တည်း အကြားမရှိဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (အခြားမဲ့ အကြောင်းတရား)

စိတ်တို့သည် တစ်ခုပြီး တစ်ခု “အခြားမရှိ” တစပ်တည်း ဖြစ်ပေါ်ကုန်၏။

စကြဝတေးမင်းနတ်ရွာစံခြင်း (သေခြင်း)သည် အကြီးဆုံးသား ရတနာအား အလိုလို မင်း(ဘုရင်) ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ရုပ်ဝတ္ထုကို မြင်သည်နှင့် အသိစိတ်သည်အာရုံတွင် တစပ်တည်း ဖြစ်ခြင်း၊ နောက်နောက်စိတ်အစဉ်တွေ ဆက်တိုက်ဖြစ်ရန်အတွက် ရှေ့ရှေ့စိတ်အစဉ်တွေ ပျက်ပျက်ပေး၍ ကျေးဇူးပြုခြင်းငှာ အနန္တရပစ္စည်းတရားကိုဟောတော်မူသည်။

အနန္တရ ပစ္စယောတိ -
အနန္တရ ပစ္စည်းဟူသည်ကား -

စက္ခု ဝိညာဏဓာတု၊
မြင်သိစိတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဓာတုယာ၊
ထိုစိတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

အနန္တရ ပစ္စယေန ပစ္စယော။
‘အခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မနောဓာတု၊
မနောဓာတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဝိညာဏ ဓာတုယာ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အနန္တရ ပစ္စယေန ပစ္စယော။
‘အခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သောတ ဝိညာဏဓာတု၊
ကြားသိစိတ်နှင့်

ဃာန ဝိညာဏဓာတု၊
နံသိစိတ်နှင့်

ဇိဝှါ ဝိညာဏဓာတု၊
အရသာသိစိတ်နှင့်

ကာယ ဝိညာဏဓာတု၊
ထိသိစိတ်နှင့်

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား

အနန္တရ ပစ္စယေန ပစ္စယော။
‘အခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတ တရားတို့အား

အနန္တရ ပစ္စယေန ပစ္စယော။
‘အခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အဗျာကတ တရားတို့သည်

ယေသံ ယေသံ ဓမ္မာနံ၊ အနန္တရာ
အကြင် အကြင် ရှေးရှေး၌ ဖြစ်ကုန်သော တရားတို့၏ အခြားမဲ့၌

ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊
အကြင် အကြင်သို့သော တရားတို့ ဖြစ်သော

စိတ္တ စေတသိကာ ဓမ္မာ၊
စိတ်၊ စေတသိက် တရားတို့သည် ဖြစ်ကြကုန်၏။

တေ တေ ဓမ္မာ၊ တေသံ တေသံ ဓမ္မာနံ၊
ထိုထို ရှေး၌ ဖြစ်ကုန်သော တရားတို့သည် ထိုထို နောက်၌ ဖြစ်ကုန်သော တရားတို့အား

အနန္တရ ပစ္စယေန ပစ္စယော။
‘အခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။ 

၅ - သမနန္တရပစ္စယ

ကောင်းစွာ(အခြားမဲ့)တစပ်တည်း အကြားမရှိ အတားအဆီးမရှိ၍ ကျေးဇူးပြုတတ်သောတရား။
(ကောင်းစွာအခြားမဲ့ အကြောင်းတရား)

စိတ္တနိယာမအရ ရှေ့စိတ်သည် နောက်စိတ်အား “ ကောင်းစွာအခြားမရှိ ” တစပ်တည်း ဖြစ်ပေါ်
 စေ၏။

စကြဝတေးမင်းတောထွက်၍ ရဟန်းပြုခြင်းသည် အကြီးဆုံးသော သားရတနာအား တစပ်တည်း အကြားမရှိကောင်းစွာ မင်း(ဘုရင်)ဖြစ်စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ မြင်စိတ် သိစိတ် ကောင်းလျှင်ကောင်းသည် ဟုဝန်ခံခြင်း၊ မကောင်းလျှင် မကောင်းဟု ဝန်ခံခြင်းတို့သည် စိတ်များ ဆက်ကာဆက်ကာ ဖြစ်ပေါ်လာအောင် အခြားမရှိ ဆက်၍ဖြစ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမနန္တရ ပစ္စည်းတရားကို ဟောတော်မူသည်။

သမနန္တရ ပစ္စယောတိ -
သမနန္တရ ပစ္စည်းဟူသည်ကား -

စက္ခု ဝိညာဏဓာတု၊
မြင်သိစိတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဓာတုယာ၊
ထိုစိတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မနောဓာတု၊
မနောဓာတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဝိညာဏ ဓာတုယာ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သောတ ဝိညာဏဓာတု၊
ကြားသိစိတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဓာတုယာ၊
ထိုစိတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မနောဓာတု၊
မနောဓာတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဝိညာဏ ဓာတုယာ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဃာန ဝိညာဏဓာတု၊
နံသိစိတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဓာတုယာ၊
ထိုစိတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မနောဓာတု၊
မနောဓာတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဝိညာဏ ဓာတုယာ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဇိဝှါ ဝိညာဏဓာတု၊
အရသာသိစိတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဓာတုယာ၊
ထိုစိတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မနောဓာတု၊
မနောဓာတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဝိညာဏ ဓာတုယာ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကာယ ဝိညာဏဓာတု၊
ထိသိစိတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဓာတုယာ၊
ထိုစိတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ကောင်းစွာအခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မနောဓာတု၊
မနောဓာတ်နှင့်

တံ သမ္ပယုတ္တကာ စ ဓမ္မာ၊ မနောဝိညာဏ ဓာတုယာ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့သည် အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတ တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတ တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အဗျာကတ တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတ တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ ကောင်းစွာအခြားမဲ့သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အဗျာကတ တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ကောင်းစွာအခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အဗျာကတ တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ကောင်းစွာအခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ယေသံ ယေသံ ဓမ္မာနံ၊ သမနန္တရာ
အကြင် အကြင် ရှေးရှေး၌ ဖြစ်ကုန်သော တရားတို့၏ ကောင်းစွာအခြားမဲ့၌

ယေ ယေ ဓမ္မာ ဥပ္ပဇ္ဇန္တိ၊
အကြင် အကြင်သို့သော တရားတို့ ဖြစ်သော

စိတ္တ စေတသိကာ ဓမ္မာ၊
စိတ်၊ စေတသိက် တရားတို့သည် ဖြစ်ကြကုန်၏။

တေ တေ ဓမ္မာ၊ တေသံ တေသံ ဓမ္မာနံ၊
ထိုထို ရှေး၌ ဖြစ်ကုန်သော တရားတို့သည် ထိုထို နောက်၌ ဖြစ်ကုန်သော တရားတို့အား

သမနန္တရ ပစ္စယေန ပစ္စယော။
‘ကောင်းစွာအခြားမဲ့သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၆ - သဟဇာတပစ္စယ

တပြိုင်နက် အတူတကွဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (အတူဖြစ် အကြောင်းတရား)

“လူ” ဟုခေါ်ဆိုအပ်သော ကျွနု်ပ်တို့ကို “ခန္ဓာငါးပါး” ခေါ် နာမ်အစုလေးစုနှင့် ရုပ်အစုတစ်စုတို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပေ၏။

ဆီမီးသည် ညှိထွန်းသည်နှင့် တပြိုင်နက် အလင်းရောင်နှင့် အတူတကွ ဖြစ်ပေါ်စေသကဲ့သို့ ခံစားမှုဝေဒနာ ဖြစ်သည်နှင့်တပြိုင်နက် မှတ်သားမှုသညာ၊ ပြုပြင်ခြင်း သင်္ခါရ၊ အသိရှိမှု ဝိဉာဏ် ဟူသော နာမ်ခန္ဓာလေးပါးတို့ကို တစ်ပေါင်းတည်းအတူတကွ ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သဟဇာတ ပစ္စည်းတရားကို ဟောတော်မူသည်။

သဟဇာတ ပစ္စယောတိ -
သဟဇာတ ပစ္စည်းဟူသည်ကား -

စတ္တာရော ခန္ဓာ အရူပိနော၊ အညမညံ၊
နာမ်အစု လေးစုတို့သည် အချင်းချင်း

သဟဇာတ ပစ္စယေန ပစ္စယော။
‘အတူဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စတ္တာရော မဟာဘူတာ၊ အညမညံ၊
ရုပ်ကြီးလေးပါးတို့သည် အချင်းချင်း

သဟဇာတ ပစ္စယေန ပစ္စယော။
‘အတူဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည်  ဖြစ်၏။

ဩက္ကန္တိက္ခဏေ နာမရူပံ၊ အညမညံ၊
ဘဝဖြစ်စခဏ၌ နာမ်နှင့်ရုပ်သည် အချင်းချင်း

သဟဇာတ ပစ္စယေန ပစ္စယော။
‘အတူဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စိတ္တ စေတသိကာ ဓမ္မာ၊
စိတ်၊ စေတသိက်တရားတို့သည်

စိတ္တ သမုဋ္ဌာနာနံ ရူပါနံ၊
စိတ်ကြောင့်ဖြစ်သော ရုပ်တို့အား

သဟဇာတ ပစ္စယေန ပစ္စယော။
‘အတူဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မဟာ ဘူတာ ဥပါဒါ ရူပါနံ၊
ရုပ်ကြီးလေးပါးတို့သည် မှီ၍ဖြစ်ကုန်သော မှီရုပ်တို့အား

သဟဇာတ ပစ္စယေန ပစ္စယော။
‘အတူဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပိနော ဓမ္မာ၊ အရူပီနံ ဓမ္မာနံ၊ ကိဉ္စိ ကာလေ၊
ရုပ်တရားတို့သည် နာမ်တရားတို့အား အချို့သောကာလ (ဘဝဖြစ်စခဏ)၌

သဟဇာတ ပစ္စယေန ပစ္စယော။
‘အတူဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကိဉ္စိ ကာလေ န သဟဇာတ ပစ္စယေန ပစ္စယော။
အချို့သောကာလ (ဘဝကာလ)၌ ‘အတူဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည်မဖြစ်။

၇ - အညမညပစ္စယ

အချင်းချင်းအပြန်အလှန်မှီ၍ ကျေးဇူးပြုတတ်သောတရား။
(အချင်းချင်း ကျေးဇူးပြု အကြောင်းတရား)

နာမ်ရုပ်အစုတို့သည် အကြောင်းအကျိုး ဆက်စပ်၍ အချင်းချင်း ကျေးဇူးပြုကြကုန်၏။

သစ်သားသုံးချောင်းသည် မလဲမပြိုရအောင် ခိုင်မြဲစွာ တစ်ချောင်းနှင့်တစ်ချောင်း အမှီပြုသကဲ့သို့ သိမှု၊ခံစားမှုဟူသော ရုပ်တရား၊ နာမ်တရားတို့သည်လည်း အချင်းချင်းအပြန်အလှန် ကျေးဇူးပြုခြင်းငှာ အညမညပစ္စည်းတရားကို ဟောတော်မူသည်။

အညမည ပစ္စယောတိ -
အင်ညမင်ည ပစ္စည်းဟူသည်ကား -

စတ္တာရော ခန္ဓာ အရူပိနော
နာမ်အစု လေးစုတို့သည်

အညမည ပစ္စယေန ပစ္စယော။
‘အချင်းချင်း ကျေးဇူးပြုသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စတ္တာရော မဟာဘူတာ
ရုပ်ကြီးလေးပါးတို့သည်

အညမည ပစ္စယေန ပစ္စယော။
‘အချင်းချင်း ကျေးဇူးပြုသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဩက္ကန္တိက္ခဏေ နာမရူပံ
ဘဝဖြစ်စ ခဏ၌ နာမ်နှင့်ရုပ်သည်

အညမည ပစ္စယေန ပစ္စယော။
‘အချင်းချင်း ကျေးဇူးပြုသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၈ - နိဿယပစ္စယ

မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (မှီရာ အကြောင်းတရား)

နာမ်ရုပ်အစုတို့သည် အကြောင်းအကျိုး ဆက်စပ် အမှီပြု၍ ဖြစ်ပေါ်ကြကုန်၏။

နောက်ဖြစ်ပေါ်လာသော သစ်ပင်စသည်တို့ကို မှီ၍ ဖြစ်ထွန်းရန်အတွက် မြေကြီးသည် ပထမဆုံး အရင် ထောက်ပံ့ပေး၍ ရပ်တည်ရာ ဖြစ်စေသကဲ့သို့ ရုပ်တရားသည် အာဟာရကို မှီ၍ ကျေးဇူးပြုခြင်းငှာ နိဿယပစ္စည်းတရားကို ဟောတော်မူသည်။

နိဿယ ပစ္စယောတိ -
နိဿယ ပစ္စည်းဟူသည်ကား -

စတ္တာရော ခန္ဓာ အရူပိနော၊ အညမညံ၊
နာမ်အစု လေးစုတို့သည် အချင်းချင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စတ္တာရော မဟာဘူတာ၊ အညမညံ၊
ရုပ်ကြီးလေးပါးတို့သည် အချင်းချင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဩက္ကန္တိက္ခဏေ နာမရူပံ၊ အညမညံ၊
ဘဝဖြစ်စ ခဏ၌ နာမ်နှင့် ရုပ်သည် အချင်းချင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စိတ္တ စေတသိကာ ဓမ္မာ၊
စိတ်၊ စေတသိက်တရားတို့သည်

စိတ္တ သမုဋ္ဌာနာနံ ရူပါနံ၊
စိတ်ကြောင့်ဖြစ်သော ရုပ်တို့အား

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မဟာ ဘူတာ ဥပါဒါ ရူပါနံ၊
ရုပ်ကြီးလေးပါးတို့သည် မှီ၍ ဖြစ်ကုန်သော မှီရုပ်တို့အား

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စက္ခာ ယတနံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သောတာ ယတနံ၊ သောတ ဝိညာဏ ဓာတုယာ၊
နားအကြည်ရုပ်သည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဃာနာ ယတနံ၊ ဃာန ဝိညာဏ ဓာတုယာ၊
နှာအကြည်ရုပ်သည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဇိဝှါ ယတနံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
လျှာအကြည်ရုပ်သည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကာယာ ယတနံ၊ ကာယ ဝိညာဏ ဓာတုယာ၊
ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ယံ ရူပံ နိဿာယ၊
အကြင်နှလုံးသွေးရုပ်ကို အမှီပြု၍

မနော ဓာတု စ၊ မနော ဝိညာဏ ဓာတု စ၊ ဝတ္တန္တိ၊
အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း
အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း ဖြစ်ပေါ်ကုန်၏။

တံ ရူပံ မနော ဓာတုယာ စ၊ မနောဝိညာဏ ဓာတုယာ စ
ထိုရုပ်သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း
အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်၊ မနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

နိဿယ ပစ္စယေန ပစ္စယော။
‘မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၉ - ဥပနိဿယပစ္စယ

အားကြီးသော မှီရာအကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(အားကြီးသော မှီရာအကြောင်းတရား)

အားကြီးသော အလုံးစုံသော တရားတို့သည် “အားကြီးသော မှီရာတရားများ” ဖြစ်ကြကုန်၏။

မိုးတွင်းအခါရွာသောမိုးကြီးသည် ထိုမိုးကို အမှီပြုကုန်သော သစ်ပင် သတ္တဝါ၊ လယ်ယာမြေ၊ တော၊ တောင် အစရှိသည်တို့ အားကောင်းလာအောင် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ သဒ္ဓါတရားကို အခြေခံ၍ အမှီပြုကုန်သော ပုဂ္ဂိုလ်တို့သည် ဥပုသ်သီလ စောင့်ထိန်းခြင်း၊ သမထ၊ ဝိပဿနာ၊ ဘာဝနာများ အားထုတ်ခြင်းကြောင့် မဂ်တရား၊ဖိုလ်တရားများနှင့် နိဗ္ဗာန်ရောက်အောင် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းတရား တို့သည် အားကြီးသောမှီရာဖြစ်၍ ပုဂ္ဂိုလ်သတ္တဝါ တို့အား ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဥပနိဿယ ပစ္စည်းတရားကို ဟောတော်မူသည်။

ဥပနိဿယ ပစ္စယောတိ -
ဥပနိဿယ ပစ္စည်းဟူသည်ကား -

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊ ကေသဉ္စိ၊
နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား အချို့သော

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတ တရားတို့အား 

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊ ကေသဉ္စိ၊
နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား အချို့သော

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတ တရားတို့အား

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အဗျာကတ တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အဗျာကတ တရားတို့အား

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အဗျာကတ တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော အဗျာကတ တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော အကုသိုလ်တရားတို့အား

ဥပနိဿယ ပစ္စယေန ပစ္စယော။
‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဥတု ဘောဇနမ္ပိ၊ ဥပနိဿယ ပစ္စယေန ပစ္စယော။
ဥတုနှင့် အစားအစာသည်လည်း ‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုဂ္ဂလောပိ၊ ဥပနိဿယ ပစ္စယေန ပစ္စယော။
ပုဂ္ဂိုလ်သည်လည်း ‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သေနာသနမ္ပိ၊ ဥပနိဿယ ပစ္စယေန ပစ္စယော။
အိမ်၊ ကျောင်း၊ အိပ်ရာ၊ နေရာ သည်လည်း ‘အားကြီးသော မှီရာသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၁၀ - ပုရေဇာတပစ္စယ

ရှေ့၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။ (ရှေ့ဖြစ် အကြောင်းတရား)

စိတ်တို့သည် မိမိတို့၏ ရှေ့အရင် ဖြစ်နှင့်သော ရုပ်တို့ကို အမှီပြု၍ ဖြစ်ပေါ်ကြကုန်၏။

ကမ္ဘာဦး၌ ပထမဆုံး အရင်ဖြစ်နှင့်သော နေ၊လတို့သည် နောက်မှဖြစ်သည့် သတ္တဝါအပေါင်းတို့အား အလင်းရောင်ပေး၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ မိဘတိုင်းသည် သားသမီးများထက် အရင်ဖြစ်နှင့်၍ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေ့မှဖြစ်နှင့်သော လျှာသည် နောက်မှဖြစ်သော အရသာအား ကျေးဇူးပြုခြင်းငှာ ပုရေဇာတပစ္စည်းတရားကို ဟောတော်မူသည်။

ပုရေဇာတ ပစ္စယောတိ -
ပုရေဇာတ ပစ္စည်းဟူသည်ကား -

စက္ခာ ယတနံ စက္ခု ဝိညာဏ ဓာတုယာ၊
မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သောတာ ယတနံ သောတ ဝိညာဏ ဓာတုယာ၊
နားအကြည်ရုပ်သည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဃာနာ ယတနံ ဃာန ဝိညာဏ ဓာတုယာ၊
နှာအကြည်ရုပ်သည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဇိဝှါ ယတနံ ဇိဝှါ ဝိညာဏ ဓာတုယာ၊
လျှာအကြည်ရုပ်သည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကာယာ ယတနံ ကာယ ဝိညာဏ ဓာတုယာ၊
ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပါယတနံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
အဆင်းအာရုံသည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သဒ္ဒါယတနံ၊ သောတ ဝိညာဏ ဓာတုယာ၊
အသံအာရုံသည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဂန္ဓာယတနံ၊ ဃာန ဝိညာဏ ဓာတုယာ၊
အနံံ့အာရုံသည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရသာယတနံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
အရသာအာရုံသည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဖောဋ္ဌဗ္ဗာယတနံ၊ ကာယ ဝိညာဏ ဓာတုယာ၊
အထိအတွေ့အာရုံသည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊
အဆင်းအာရုံသည် အသံအာရုံသည် အနံ့အာရုံသည်

ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ၊ မနော ဓာတုယာ၊
အရသာအာရုံသည် အထိအတွေ့အာရုံသည် အာရုံကိုသိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ယံ ရူပံ နိဿာယ၊
အကြင်နှလုံးသွေးရုပ်ကို အမှီပြု၍

မနော ဓာတု စ၊
အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ သည် လည်းကောင်း

မနော ဝိညာဏ ဓာတု စ ဝတ္တန္တိ၊
အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ သည် လည်းကောင်း ဖြစ်ပေါ်ကုန်၏။

တံ ရူပံ မနော ဓာတုယာ၊
ထိုရုပ်သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မနော ဝိညာဏ ဓာတုယာ၊
အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊ ကိဉ္စိ ကာလေ၊
ထိုမနောဝိညာဏဓာတ်နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း
အချို့သောကာလ (ဘဝကာလ)၌

ပုရေဇာတ ပစ္စယေန ပစ္စယော။
‘ရှေ့ဖြစ်သတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကိဉ္စိ ကာလေ န ပုရေဇာတ ပစ္စယေန ပစ္စယော။
အချို့သောကာလ (ဘဝဖြစ်စခဏ)၌ ‘ ရှေ့ဖြစ်သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် မဖြစ်။

၁၁ - ပစ္ဆာဇာတပစ္စယ

နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (နောက်ဖြစ် အကြောင်းတရား)

နောက်မှဖြစ်သော “စိတ်၊ စေတသိက်” တို့သည် မိမိတို့၏ ရှေ့၌ဖြစ်နှင့်သော “ရုပ်” တို့အား ထောက်ပံ့ကြကုန်၏။

သားကောင်း၊ သမီးကောင်းများသည် ဥစ္စာ၊ပညာပြည့်စုံ၍ မိဘတို့အား နောက်မှပြန်၍ လုပ်ကျွေးစောင့်ရှောက်ခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ အရှင်ဗာကုလ ရဟန္တာမထေရ် အလောင်းတော်သည် မွေးပြီးစ နို့စို့အရွယ်တွင် သမုဒ္ဒရာအလယ်၌ ရေထဲသို့ ကျသွားရာ ရေနစ်၍ မသေခဲ့ပါ။ ထို့သို့မသေခြင်းသည် နောင်အခါ ရဟန္တာဖြစ်မည့်သတ္တိက အရှင်ဗာကုလမထေရ်အား မသေစေရန် အကျိုးပြုသကဲ့သို့လည်းကောင်း၊ ရုပ်တရားတွေ လန်းဆန်းတည်တံ့နေအောင် စိတ်တရားများက ထက်သန်မှုအပြည့်ဖြင့် နောက်မှနေ၍ ကျေးဇူးပြုခြင်းငှာ ပစ္ဆာဇာတပစ္စည်း တရားကို ဟောတော်မူသည်။

ပစ္ဆာဇာတ ပစ္စယောတိ -
ပစ္ဆာဇာတ ပစ္စည်းဟူသည်ကား -

ပစ္ဆာဇာတာ စိတ္တ စေတသိကာ ဓမ္မာ၊
နောက်၌ ဖြစ်ကုန်သော စိတ်၊စေတသိက် တရားတို့သည်

ပုရေဇာတဿ  ဣမဿ  ကာယဿ၊
ရှေ့၌ ဖြစ်သော ဤခန္ဓာကိုယ်ကြီးအား

ပစ္ဆာဇာတ ပစ္စယေန ပစ္စယော။
‘ နောက်ဖြစ်သတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၁၂ - အာသေဝနပစ္စယ

အဖန်တလဲလဲ မှီဝဲအပ် ထုံမွှမ်းအပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(အဖန်တလဲလဲ ဖြစ်ခြင်း အကြောင်းတရား)

ကုသိုလ်ဇော၊အကုသိုလ်ဇော စသည်တို့သည် မိမိတို့နှင့် ဇာတ်တူသော ကုသိုလ်၊အကုသိုလ်ဇော စသည်တို့ကို ‘အဖန်တလဲလဲ’ ဖြစ်ပေါ်စေတတ်ကုန်၏။

ရှေးရှေး၌ ပန်းပေါင်းစုံတို့ဖြင့် စီမံရောပြွမ်းထားသော နံ့သာအား အမွှေးနံ့ အလွန်တိုးပွား ခိုင်မြဲစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးက သင်ယူ၊တတ်မြောက်ထားခဲ့သည့် စာပေကျမ်းဂန်များသည် နောက်နောင်မှ သင်ယူရသည့် စာပေကျမ်းဂန်တို့ကို လေ့လာမှတ်သားခြင်းငှာ ထောက်ပံ့ကာ အခြေခံအတွက် အားကောင်း၍ ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ရှေးရှေးက အဖန်ဖန်ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ် တရားများသည် နောက်နောင်မှပြုလုပ်သည့် ကုသိုလ်၊ အကုသိုလ်တရားများအတွက် ကောင်းကျိုး၊ မကောင်းကျိုး တို့ကို တိုးပွားစေ၍ ကျေးဇူးပြုခြင်းငှာ အာသေဝနပစ္စည်းတရားကို ဟောတော်မူသည်။

အာသေဝန ပစ္စယောတိ -
အာသေဝန ပစ္စည်းဟူသည်ကား -

ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော ကုသိုလ်တရားတို့အား

အာသေဝန ပစ္စယေန ပစ္စယော။
‘အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ၊
ရှေးရှေး၌ဖြစ်ကုန်သော အကုသိုလ်တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ၊
နောက်နောက်၌ဖြစ်ကုန်သော အကုသိုလ်တရားတို့အား

အာသေဝန ပစ္စယေန ပစ္စယော။
‘အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပုရိမာ ပုရိမာ ကြိယာ ဗျာကတာ ဓမ္မာ၊
ရှေးရှေး၌ ဖြစ်ကုန်သော ကြိယာ၊ ဗျာကတ တရားတို့သည်

ပစ္ဆိမာနံ ပစ္ဆိမာနံ ကြိယာ ဗျာကတာနံ ဓမ္မာနံ၊
နောက်နောက်၌ ဖြစ်ကုန်သော ကြိယာ၊ ဗျာကတ တရားတို့အား

အာသေဝန ပစ္စယေန ပစ္စယော။
‘အဖန်တလဲလဲ ဖြစ်ခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၁၃ - ကမ္မပစ္စယ

ပြုလုပ်စီရင်ခြင်းဖြင့် ဗီဇမျိုးစေ့ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ပြုပြင်စီရင်ခြင်း အကြောင်းတရား)

စေတနာသည် ဖြစ်၊တည်၊ပျက်၍ ချုပ်ငြိမ်းသွားသော်လည်း နာမ်အစဉ်တွင် သတ္တိထူး တစ်ခုအဖြစ် ဆက်လက် ကိန်းအောင်းနေပေသည်။

သစ်ပင်အပေါင်းတို့သည် ကောင်းစွာပြုပြင်စီမံအပ်သော မျိုးစေ့၊ အညွန့်၊ အညှောက်၏ အမူအရာသို့လိုက်၍ ကောင်းမကောင်း ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား ထိုအတိုင်းပင် ကောင်းကျိုးချမ်းသာများကို ရရှိခံစားပြီး မကောင်းသော အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်သူအား မကောင်းသော ဒုက္ခ၏ဆိုးကျိုးများကို ရရှိခံစားရမှာ ဖြစ်စေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ကမ္မပစ္စည်းတရားကို ဟောတော်မူသည်။

ကမ္မ ပစ္စယောတိ -
ကမ္မ ပစ္စည်းဟူသည်ကား -

ကုသလာ ကုသလံ ကမ္မံ၊ ဝိပါကာနံ ခန္ဓာနံ
ကုသိုလ်ကံ၊ အကုသိုလ်ကံသည် အကျိုးဝိပါက်ဖြစ်သော ခန္ဓာတို့အားလည်းကောင်း

ကဋတ္တာ စ ရူပါနံ၊ ကမ္မ ပစ္စယေန ပစ္စယော။
ကံကြောင့်ဖြစ်သော ရုပ်တို့အားလည်းကောင်း ‘ပြုပြင်စီရင်ခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စေတနာ သမ္ပယုတ္တကာနံ ဓမ္မာနံ၊
စေတနာသည် ယှဉ်ဖက်ဖြစ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
မိမိကြောင့် ဖြစ်ကုန်သော ရုပ်တို့အားလည်းကောင်း

ကမ္မ ပစ္စယေန ပစ္စယော။
‘ ပြုပြင်စီရင်ခြင်းသတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၁၄ - ဝိပါကပစ္စယ

အကျိုးရလဒ်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (အကျိုးဝိပါက် အကြောင်းတရား)

အကျိုးဝိပါက်တရားများသည် အချင်းချင်း ကျေးဇူးပြုကြကုန်၏။

တိုက်ခတ်လာသော လေပြေ၊ လေညင်း၊ လေနုအေးသည် သစ်ပင်ကြီးများ၏အရိပ်အောက်၌ နေသောသူအား ကိုယ်ရောစိတ်ပါ ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ကုသိုလ်ကံတရားကြောင့် ကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော လူ့ဘုံ၊ နတ်ဘုံတို့၌ ခံစားရမည်၊ အကုသိုလ် ကံတရားကြောင့် အကုသိုလ်၏အကျိုးကို ဖြစ်စေတတ်သော ငရဲဘုံ၊ တိရစ္ဆာန်ဘုံတို့၌ ခံစားစေသကဲ့သို့ ကျေးဇူးပြုခြင်းငှာ ဝိပါကပစ္စည်းတရားကို ဟောတော်မူသည်။

ဝိပါက ပစ္စယောတိ -
ဝိပါက ပစ္စည်းဟူသည်ကား -

ဝိပါကာ စတ္တာရော ခန္ဓာ အရူပိနော အညမညံ၊
အကျိုးဝိပါက်ဖြစ်ကုန်သော နာမ်အစုလေးစုတို့သည် အချင်းချင်း

ဝိပါက ပစ္စယေန ပစ္စယော။
‘အကျိုးဝိပါက်သတ္တိ’ ဖြင့် ကျေးဇူူးပြုတတ်သည်ဖြစ်၏။

၁၅ - အာဟာရပစ္စယ

ထောက်ပံ့ခိုင်ခံ့စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ထောက်ပံ့ခိုင်ခံ့စေခြင်း အကြောင်းတရား)

အစာ၊ အာဟာရ နှင့် နာမ်အကြောင်းတရားတို့သည် ဤခန္ဓာကိုယ်ကြီးနှင့် ယှဉ်ဘက် နာမ်၊ရုပ်တို့အား ထောက်ပံ့ခိုင်ခံ့စေကြကုန်၏။

ထောက်ကန်ထားသော အကူဒေါက်တိုင် သစ်သားသည် အိမ်အို၊ အိမ်ဟောင်းအား လေဒဏ်၊ မိုးဒဏ်ကြောင့် မလဲမပြိုစေရန် မြဲမြဲခိုင်ခံ့စေခြင်းငှာ ကျေးဇူးပြုသကဲ့သို့ ထို့အတူပင် သုံးဆယ့်တစ်ဘုံ၌ ရှိသော သတ္တဝါအားလုံးမှာ အသက်ဆက်၍ ရှင်သန်နိုင်ရန်အတွက် ရုပ်အာဟာရ၊ နာမ်အာဟာရ နှစ်ပါးက ပံ့ပိုးထောက်ကူပေးခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ အာဟာရပစ္စည်းတရားကို ဟောတော်မူသည်။

အာဟာရ ပစ္စယောတိ -
အာဟာရ ပစ္စည်းဟူသည်ကား -

ကဗဠီ ကာရော အာဟာရော၊
ဣမဿ  ကာယဿ၊
စားအပ်သော အစာအာဟာရသည် ဤခန္ဓာကိုယ်ကြီးအား

အာဟာရ ပစ္စယေန ပစ္စယော။
‘ထောက်ပံ့ခိုင်ခံ့စေခြင်းသတ္တိ’ ဖြင့်ကျေးဇူူးပြုတတ်သည် ဖြစ်၏။

အရူပိနော အာဟာရာ၊ သမ္ပယုတ္တကာနံ ဓမ္မာနံ၊
နာမ်အာဟာရတရားတို့သည် မိမိနှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
မိမိကြောင့်ဖြစ်ကုန်သော ရုပ်တို့အားလည်းကောင်း

အာဟာရ ပစ္စယေန ပစ္စယော။
‘ထောက်ပံ့ခိုင်ခံ့စေခြင်းသတ္တိ’ ဖြင့် ကျေးဇူူးပြုတတ်သည် ဖြစ်၏။

၁၆ - ဣန္ဒြိယပစ္စယ

အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (အစိုးရခြင်း အကြောင်းတရား)

မျက်စိအကြည်ရုပ်၊ နားအကြည်ရုပ် အစရှိသော အစိုးရတရားတို့သည် မြင်သိစိတ်၊ ကြားသိစိတ် စသည်တို့ကို ဖြစ်ပေါ်စေကုန်၏။

တိုင်းပြည်တစ်ပြည်အတွင်း၌ အသီးသီး ဆိုင်ရာကိစ္စ၊တာဝန်များကို ပေးအပ်ခြင်းခံရသော မင်း၊  မှူးမတ်တို့သည် မိမိ၏တာဝန်များကို အသီးသီး ခွဲဝေ၍ ပိုင်ပိုင်နိုင်နိုင် ဆောင်ရွက်သကဲ့သို့ ဣန္ဒြေ(၂၂)ပါးရှိရာတွင် စက္ခုဣန္ဒြေဟူသော မြင်သိစိတ်သည် မြင်သိစိတ်အားသာ၊ သောတိန္ဒြေဟူသော ကြားသိစိတ်သည် ကြားသိစိတ်အားသာ အစိုးရခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဣန္ဒြိယပစ္စည်းတရားကို ဟောတော်မူသည်။

ဣန္ဒြိယ ပစ္စယောတိ -
ဣန္ဒြိယ ပစ္စည်းဟူသည်ကား -

စက္ခုန္ဒြိယံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ဣန္ဒြိယ ပစ္စယေန ပစ္စယော။
‘အစိုးရခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သောတိန္ဒြိယံ၊ သောတ ဝိညာဏ ဓာတုယာ၊
နားအကြည်ရုပ်သည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ဣန္ဒြိယ ပစ္စယေန ပစ္စယော။
‘အစိုးရခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဃာနိန္ဒြိယံ၊ ဃာန ဝိညာဏ ဓာတုယာ၊
နှာအကြည်ရုပ်သည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ဣန္ဒြိယ ပစ္စယေန ပစ္စယော။
‘အစိုးရခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဇိဝှိန္ဒြိယံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
လျှာအကြည်ရုပ်သည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ဣန္ဒြိယ ပစ္စယေန ပစ္စယော။
‘အစိုးရခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကာယိန္ဒြိယံ၊ ကာယ ဝိညာဏ ဓာတုယာ၊
ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ဣန္ဒြိယ ပစ္စယေန ပစ္စယော။
‘အစိုးရခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပ ဇီဝိတိန္ဒြိယံ ကဋတ္တာ ရူပါနံ၊
ရုပ်သက်စောင့်တရားသည် ကံကြောင့်ဖြစ်သော ရုပ်တို့အား

ဣန္ဒြိယ ပစ္စယေန ပစ္စယော။
‘အစိုးရခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

အရူပိနော ဣန္ဒြိယာ၊ သမ္ပယုတ္တကာနံ ဓမ္မာနံ၊
နာမ်ဣန္ဒြေတရားတို့သည် ယှဉ်ဖက်တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
မိမိတို့ကြောင့်ဖြစ်သော ရုပ်တို့အားလည်းကောင်း

ဣန္ဒြိယ ပစ္စယေန ပစ္စယော။
‘အစိုးရခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၁၇ - ဈာနပစ္စယ

ကပ်၍စူးစူးစိုက်စိုက် ရှုတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (စူးစိုက်ကပ်၍ ရှုတတ်သော အကြောင်းတရား)

ဈာန်အင်္ဂါတရားတို့သည် ယှဉ်ဘက် နာမ်တရားများနှင့် ရုပ်တရားတို့အား “စူးစိုက်ရှုခြင်းသတ္တိ” ဖြင့် ကျေးဇူးပြုတတ်ကုန်၏။

တောင်ထိပ်ဖျား၊ သစ်ပင်ဖျားသို့ တက်၍ ကြည့်သောသူသည် အနီးအဝေး အရပ်မျက်နှာတို့ကို ထင်ရှားတပ်အပ်မြင်ခြင်း၊ ထိုမြင်ခြင်း၌ အလိုရှိသောသူအား ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ဈာန်ငါးပါး၊ ကုသိုလ်ဈာန် စသည်တို့ကို စူးစူးစိုက်စိုက်အာရုံပြုလျှင် အမြင်မှန်တရားများရကာ နောက်ဆုံးနိဗ္ဗာန်ရောက်သည်အထိ အကျိုးပြုသကဲ့သို့ လည်းကောင်း၊ အဖန်ဖန်သုံးသပ်ခြင်း စသောတရားတို့သည် အတူဖြစ်ဖက် စိတ်တရား၊ရုပ်တရားတို့အား ထင်ရှားစွာအောင်မြင်မှုကို ဖြစ်စေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဈာနပစ္စည်းတရားကို ဟောတော်မူသည်။

ဈာန ပစ္စယောတိ -
ဈာန ပစ္စည်းဟူသည်ကား -

ဈာနင်္ဂါနိ ဈာန သမ္ပယုတ္တကာနံ ဓမ္မာနံ၊
ဈာန်အင်္ဂါတရားတို့သည် ဈာန်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
ထိုဈာန်ကြောင့်ဖြစ်ကုန်သော ရုပ်တို့အားလည်းကောင်း

ဈာန ပစ္စယေန ပစ္စယော။
‘စူးစိုက်ကပ်၍ ရှုခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၁၈ - မဂ္ဂပစ္စယ

ကျွတ်လွတ်ထွက်မြောက်သော နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
(ဆောင်ပို့ခြင်း အကြောင်းတရား)

မဂ်တရားတို့သည် ကျွနု်ပ်တို့အား ကောင်းရာဌာန၊ မကောင်းရာဌာနသို့ လမ်းသဖွယ် ဆောင်ပို့တတ်ကုန်၏။

ဤမှာဘက်ကမ်းစပ်မှ ဟိုမှာကမ်းစပ်သို့ ကူးပြောင်းသွားသော ဖောင်၊ ကူးတို့သမားသည် ဤမှာဘက်ကမ်းစပ်မှ လွတ်မြောက်သွားသကဲ့သို့ လည်းကောင်း၊ သမ္မာဒိဋ္ဌိ(ကောင်းစွာသိမြင်ခြင်း)၊ သမ္မာသင်္ကပ္ပ(ကောင်းစွာကြံခြင်း)၊ သမ္မာဝါစာ(ကောင်းစွာပြောဆိုခြင်း)၊ သမ္မာကမ္မန္တ (ကောင်းစွာလုပ်ဆောင်ခြင်း)၊ သမ္မာအာဇီဝ(ကောင်းစွာအသက်မွေးခြင်း)၊ သမ္မာဝါယမ(ကောင်းစွာအားထုတ်ခြင်း)၊ သမ္မာသတိ(ကောင်းစွာအောက်မေ့သတိရှိခြင်း)၊ သမ္မာသမာဓိ(ကောင်းစွာတည်ကြည်ခြင်း)ဟူသော ကုသိုလ်မဂ္ဂင်တရား(၈)ပါးတို့သည် ကောင်းသည့်အရာဝတ္ထု မှန်သမျှကို သယ်ယူပို့ဆောင် ခေါ်ငင်သည်၏ အဖြစ်ကြောင့် ကုသိုလ်တရားများဖြစ်ပွားပြီး သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ကြောင်းဖြစ်သော ဟိုမှာဘက်ကမ်းရှိ ချမ်းသာစစ်၊ ချမ်းသာမှန် လှမ်းရောက်နိုင်သကဲ့သို့ ကျေးဇူးပြုခြင်းငှာ မဂ္ဂပစ္စည်းတရားကို ဟောတော်မူသည်။

မဂ္ဂ ပစ္စယောတိ -
မဂ္ဂ ပစ္စည်းဟူသည်ကား -

မဂ္ဂင်္ဂါနိ မဂ္ဂ သမ္ပယုတ္တကာနံ ဓမ္မာနံ၊
မဂ်အင်္ဂါတရားတို့သည် မဂ်နှင့်ယှဉ်ကုန်သောတရားတို့အားလည်းကောင်း

တံ သမုဋ္ဌာနာနဉ္စ ရူပါနံ၊
ထိုမဂ်ကြောင့် ဖြစ်ကုန်သောရုပ်တို့အားလည်းကောင်း

မဂ္ဂ ပစ္စယေန ပစ္စယော။
‘ ဆောင်ပို့ခြင်းသတ္တိ ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၁၉ - သမ္ပယုတ္တပစ္စယ

အတူတကွယှဉ်ပြီး ရောစပ်နေသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ယှဉ်တွဲ အကြောင်းတရား)

နာမ်တရားတို့သည် နာမ်တရားတို့နှင့်သာ ယှဉ်တွဲကြကုန်၏။

နှမ်းဆီ၊ ထောပတ်၊ ပျားရည်၊ သကာရည်၊ (နို့ရည်) ဟူသော စတုမဓူသည် အရသာလေးမျိုးကို တစ်ခုစီခွဲခြား၍မရအောင် ရောစပ်ခြင်းဖြင့် စိတ်၊ ဖဿ      ၊ ဝေဒနာ၊ သညာ ဟူသောခံစားမှု၊ မှတ်သားမှုစသော နာမ်တရားများသည် အာရုံတစ်ခုကို ခံစားလျှင် အတူတူယှဉ်ပြီး တစ်ပြိုင်နက်တည်း ဖြစ်ကြကာ တစ်ခုစီခွဲခြား၍မရနိုင်အောင် ရောနှောပေါင်းစပ်ခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ သမ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

သမ္ပယုတ္တ ပစ္စယောတိ -
သမ္ပယုတ္တ ပစ္စည်းဟူသည်ကား -

စတ္တာရော ခန္ဓာ အရူပိနော၊ အညမညံ၊
နာမ်အစုလေးစုတို့သည် အချင်းချင်း

သမ္ပယုတ္တ ပစ္စယေန ပစ္စယော။
‘ယှဉ်တွဲခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၂၀ - ဝိပ္ပယုတ္တပစ္စယ

အတူတကွ မရောစပ် မယှဉ်စပ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (မယှဉ်တွဲခြင်း အကြောင်းတရား)

ရုပ်တရားတို့သည် နာမ်တရားတို့နှင့်
နာမ်တရားတို့သည် ရုပ်တရားတို့နှင့် “မယှဉ်တွဲခြင်းသတ္တိ” ဖြင့် ကျေးဇူးပြုတတ်ကုန်၏။

ချို၊ ချဉ်၊ စပ်၊ ဖန်၊ ငန်၊ ခါးဟူသော ခြောက်ပါးသော အရသာသည် ရောထားသော်လည်း အချင်းချင်းမနှီးမနှော မရောမပြွမ်းသောအားဖြင့် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ နေမင်းသည် သမုဒ္ဒရာနှင့်မရောမစပ်သော်လည်း မိုးရွာခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှလုံးအိမ်ဟူသော ရုပ်တရားတို့သည် နာမ်တရားများနှင့် မရောစပ်ဘဲ တစ်မျိုးစီသာ အာရုံပြုခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိပ္ပယုတ္တပစ္စည်းတရားကို ဟောတော်မူသည်။

ဝိပ္ပယုတ္တ ပစ္စယောတိ -
ဝိပ္ပယုတ္တ ပစ္စည်းဟူသည်ကား -

ရူပိနော ဓမ္မာ၊ အရူပီနံ ဓမ္မာနံ၊
ရုပ်တရားတို့သည် နာမ်တရားတို့အား

ဝိပ္ပယုတ္တ ပစ္စယေန ပစ္စယော။
‘မယှဉ်တွဲသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်ဖြစ်၏။

အရူပိနော ဓမ္မာ၊ ရူပီနံ ဓမ္မာနံ၊
နာမ်တရားတို့သည် ရုပ်တရားတို့အား

ဝိပ္ပယုတ္တ ပစ္စယေန ပစ္စယော။
‘မယှဉ်တွဲသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်ဖြစ်၏။

၂၁ - အတ္ထိပစ္စယ

ပစ္စုပ္ပန်၌ ထင်ရှားစွာရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ရှိခြင်း အကြောင်းတရား)

နာမ်ရုပ်အစု တို့သည် ထင်ရှားရှိခြင်းဖြင့် အကြောင်းအကျိုး ဆက်စပ်၍ ဖြစ်ပေါ်ကြကုန်၏။

မြင်းမိုရ်တောင်မင်းသည် မိမိထင်ရှားရှိခိုက် မိမိကို အမှီပြုနေသော မြက်၊ သစ်ပင် စသည်တို့အား ပြန့်ပွားစေခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ အစားအသောက်အာဟာရကို ဗိုက်ပြည့်ဝအောင် သုံးဆောင်ခြင်းသည် လောလောလတ်လတ် ထင်ရှားရှိဆဲ ခန္ဓာကိုယ်ကို တည်တံ့တိုးပွားအောင် အကျိုးပြုစေသကဲ့သို့ မြေ၊ ရေ၊ မီး၊ လေ ဟူသော မဟာဘုတ်တရားတို့သည် ထိုတရားကို ခြယ်လှယ်သော ရုပ်တရားတို့အား ထင်ရှားရှိခိုက် ကျေးဇူးပြုခြင်းငှာ အတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။

အတ္ထိ ပစ္စယောတိ -
အတ္တိ ပစ္စည်းဟူသည်ကား -

စတ္တာရော ခန္ဓာ အရူပိနော၊ အညမညံ၊
နာမ်အစုလေးစုတို့သည် အချင်းချင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စတ္တာရော မဟာဘူတာ၊ အညမညံ၊
မဟာဘုတ်လေးပါးတို့သည် အချင်းချင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဩက္ကန္တိက္ခဏေ နာမရူပံ၊ အညမညံ၊
ဘဝဖြစ်စခဏ၌ နာမ်နှင့်ရုပ်သည် အချင်းချင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စိတ္တ စေတသိကာ ဓမ္မာ၊ စိတ္တ သမုဋ္ဌာနာနံ ရူပါနံ၊
စိတ်၊ စေတသိက် တရားတို့သည် စိတ်ကြောင့် ဖြစ်ကုန်သောရုပ်တို့အား

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မဟာ ဘူတာ ဥပါဒါ ရူပါနံ၊
ရုပ်ကြီးလေးပါးတို့သည် မှီ၍ဖြစ်ကုန်သော မှီရုပ်တို့အား

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စက္ခာ ယတနံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သောတာ ယတနံ၊ သောတ ဝိညာဏ ဓာတုယာ၊
နားအကြည်ရုပ်သည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဃာနာ ယတနံ၊ ဃာန ဝိညာဏ ဓာတုယာ၊
နှာအကြည်ရုပ်သည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဇိဝှါ ယတနံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
လျှာအကြည်ရုပ်သည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကာယာ ယတနံ၊ ကာယ ဝိညာဏ ဓာတုယာ၊
ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပါယတနံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
အဆင်းအာရုံသည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သဒ္ဒါယတနံ၊ သောတ ဝိညာဏ ဓာတုယာ၊
အသံအာရုံသည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဂန္ဓာယတနံ၊ ဃာန ဝိညာဏ ဓာတုယာ၊
အနံ့အာရုံသည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရသာယတနံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
အရသာအာရုံသည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဖောဋ္ဌဗ္ဗာယတနံ၊ ကာယ ဝိညာဏ ဓာတုယာ၊
အထိအတွေ့အာရုံသည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊
အဆင်းအာရုံသည် အသံအာရုံသည် အနံ့အာရုံသည်

ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ၊ မနော ဓာတုယာ၊
အရသာအာရုံသည် အထိအတွေ့အာရုံသည်
အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ယံ ရူပံ နိဿာယ၊
အကြင်နှလုံးသွေးရုပ်ကို အမှီပြု၍

မနော ဓာတု စ၊
အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ သည်လည်းကောင်း

မနော ဝိညာဏ ဓာတု စ၊ ဝတ္တန္တိ၊
အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ သည် လည်းကောင်း ဖြစ်ပေါ်ကုန်၏။

တံ ရူပံ မနောဓာတုယာ စ၊
ထိုရုပ်သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

မနောဝိညာဏ ဓာတုယာ စ၊
အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်၊ မနောဝိညာဏဓာတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အတ္ထိ ပစ္စယေန ပစ္စယော။
‘ထင်ရှားရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၂၂ - နတ္ထိပစ္စယ

မရှိသည်ဖြစ်၍ မရှိမှ ကျေးဇူးပြုတတ်သောတရား။ (မရှိခြင်း အကြောင်းတရား)

စိတ်တို့သည် ရှေ့စိတ်တစ်ခု မရှိတော့မှ နောက်စိတ်တစ်ခု ဖြစ်ပေါ်ခွင့်ရကြကုန်၏။

ဆီမီးငြိမ်းသွားခြင်းသည် အမိုက်အမှောင်ကိုရခြင်းငှာ ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ညအခါကုန်လွန်သွားခြင်းသည် နေ့အခါ ရောက်ဖို့ရန် ကျေးဇူးပြုသကဲ့သို့လည်းကောင်း၊ ရှေးရှေးစိတ်တို့ ချုပ်ငြိမ်း၍ မရှိခြင်းသည် နောက်နောက်စိတ် ဖြစ်ဖို့ရန်အတွက် မရှိသောအဖြစ်ဖြင့် ကျေးဇူးပြုခြင်းငှာ နတ္ထိပစ္စည်းတရားကို ဟောတော်မူသည်။

နတ္ထိ ပစ္စယောတိ -
နတ္ထိ ပစ္စည်းဟူသည်ကား -

သမနန္တရ နိရုဒ္ဓါ၊ စိတ္တ စေတသိကာ ဓမ္မာ၊
ကောင်းစွာ အခြားမဲ့ချုပ်ပြီးကုန်သော စိတ်၊ စေတသိက် တရားတို့သည်

ပဋုပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ၊
နောက်ဆက်ဖြစ်ပေါ်ကုန်သော စိတ်၊ စေတသိက် တရားတို့အား

နတ္ထိ ပစ္စယေန ပစ္စယော။
‘မရှိခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၂၃ -  ဝိဂတပစ္စယ

ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (ကင်းခြင်း အကြောင်းတရား)

စိတ်တို့သည် ရှေ့စိတ်တစ်ခု ကင်းတော့မှ နောက်စိတ်တစ်ခု ဖြစ်ပေါ်ခွင့်ရကြကုန်၏။

နေမင်းအရောင် ကွယ်ပျောက်သွားခြင်းသည် လမင်း၏ အရောင်ကို ထွန်းလင်းစေသကဲ့သို့ လောဘ၊ ဒေါသ၊ မောဟတရားများ ကင်းပျောက်သွားလျှင် အမှားနှင့်အမှန်ကို ခွဲခြားသိစေခြင်းဖြင့် ကျေးဇူးပြုခြင်းငှာ ဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။

ဝိဂတ ပစ္စယောတိ -
ဝိဂတ ပစ္စည်းဟူသည်ကား -

သမနန္တရ ဝိဂတာ စိတ္တ စေတသိကာ ဓမ္မာ၊
ကောင်းစွာ အခြားမဲ့ ကင်းကုန်ပြီးသော စိတ်၊ စေတသိက် တရားတို့သည်

ပဋုပ္ပန္နာနံ စိတ္တ စေတသိကာနံ ဓမ္မာနံ၊
နောက်ဆက်ဖြစ်ပေါ်ကုန်သော စိတ်၊ စေတသိက် တရားတို့အား

ဝိဂတ ပစ္စယေန ပစ္စယော။
‘ကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

၂၄ - အဝိဂတပစ္စယ

မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။ (မကင်းခြင်း အကြောင်းတရား)

“နာမ်ရုပ်အစု” တို့သည် မကင်းခြင်း တရားဖြင့် အကြောင်းအကျိုးဆက်စပ်၍ ဖြစ်ပေါ်ကြကုန်၏။

မဟာသမုဒ္ဒရာရေသည် မိမိကိုမှီကုန်သော ငါး၊ လိပ်တို့နှင့် မကင်းမကွာခင် ချမ်းသာစေခြင်းဖြင့် ကျေးဇူးပြုသကဲ့သို့ အာဟာရသည် ဥပါဒ်၊ဌီ၊ဘင် ဟူသော လက္ခဏာငယ်သုံးချက် ချုပ်ပျောက်ခါနီးထိ အသက်ရှင်စဉ် ကာလ၌သာ ကျေးဇူးပြုခြင်းငှာ အဝိဂတပစ္စည်းတရားကို ဟောတော်မူသည်။

အဝိဂတ ပစ္စယောတိ -
အ,ဝိဂတ ပစ္စည်းဟူသည်ကား -

စတ္တာရော ခန္ဓာ အရူပိနော၊ အညမညံ၊
နာမ်အစုလေးစုတို့သည် အချင်းချင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စတ္တာရော မဟာဘူတာ၊ အညမညံ၊
ရုပ်ကြီးလေးပါးတို့သည် အချင်းချင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဩက္ကန္တိက္ခဏေ နာမရူပံ၊ အညမညံ၊
ဘဝဖြစ်စ ခဏ၌ နာမ်နှင့်ရုပ်သည် အချင်းချင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စိတ္တ စေတသိကာ ဓမ္မာ၊ စိတ္တ သမုဋ္ဌာနာနံ ရူပါနံ၊
စိတ်၊ စေတသိက်တရားတို့သည် စိတ်ကြောင့်ဖြစ်သော ရုပ်တို့အား

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

မဟာ ဘူတာ ဥပါဒါ ရူပါနံ၊
ရုပ်ကြီးလေးပါးတို့သည် မှီ၍ဖြစ်ကုန်သော မှီရုပ်တို့အား

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

စက္ခာ ယတနံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
မျက်စိအကြည်ရုပ်သည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သောတာ ယတနံ၊ သောတ ဝိညာဏ ဓာတုယာ၊
နားအကြည်ရုပ်သည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဃာနာ ယတနံ၊ ဃာန ဝိညာဏ ဓာတုယာ၊
နှာအကြည်ရုပ်သည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဇိဝှါ ယတနံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
လျှာအကြည်ရုပ်သည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ကာယာ ယတနံ၊ ကာယ ဝိညာဏ ဓာတုယာ၊
ကိုယ်အကြည်ရုပ်သည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပါယတနံ၊ စက္ခု ဝိညာဏ ဓာတုယာ၊
အဆင်းအာရုံသည် မြင်သိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

သဒ္ဒါယတနံ၊ သောတ ဝိညာဏ ဓာတုယာ၊
အသံအာရုံသည် ကြားသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဂန္ဓာယတနံ၊ ဃာန ဝိညာဏ ဓာတုယာ၊
အနံ့အာရုံသည် နံသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရသာယတနံ၊ ဇိဝှါ ဝိညာဏ ဓာတုယာ၊
အရသာအာရုံသည် အရသာသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ဖောဋ္ဌဗ္ဗာယတနံ၊ ကာယ ဝိညာဏ ဓာတုယာ၊
အထိအတွေ့အာရုံသည် ထိသိစိတ်အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုစိတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ရူပါယတနံ၊ သဒ္ဒါယတနံ၊ ဂန္ဓာယတနံ၊
အဆင်းအာရုံသည် အသံအာရုံသည် အနံ့အာရုံသည်

ရသာယတနံ၊ ဖောဋ္ဌဗ္ဗာယတနံ၊
အရသာအာရုံသည် အထိအတွေ့အာရုံသည်

မနော ဓာတုယာ၊
အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ယံ ရူပံ နိဿာယ၊
အကြင်နှလုံးသွေးရုပ်ကို အမှီပြု၍

မနော ဓာတု စ၊
အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ သည် လည်းကောင်း

မနော ဝိညာဏ ဓာတု စ၊ ဝတ္တန္တိ၊
အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ သည် လည်းကောင်း ဖြစ်ပေါ်ကုန်၏။

တံ ရူပံ မနောဓာတုယာ စ
ထိုရုပ်သည် အာရုံကို သိကာမျှသဘော ‘မနောဓာတ်’ အားလည်းကောင်း

မနော ဝိညာဏ ဓာတုယာ စ၊
 အာရုံကို အထူးသိမှုသဘော ‘မနောဝိညာဏဓာတ်’ အားလည်းကောင်း

တံ သမ္ပယုတ္တကာနဉ္စ ဓမ္မာနံ၊
ထိုမနောဓာတ်၊ မနောဝိညာဏဓာတ်နှင့်ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

အဝိဂတ ပစ္စယေန ပစ္စယော။
‘မကင်းခြင်းသတ္တိ’ ဖြင့် ကျေးဇူးပြုတတ်သည် ဖြစ်၏။

ပစ္စယနိဒ္ဒေသော နိဋ္ဌိတော။
ပဋ္ဌာန်းပစ္စည်းနိဒ္ဒေသသည် ပြီးဆုံးခြင်းသို့ ရောက်ပြီ။

ဒေါင်းလုဒ်ပြုလုပ်၍ သိမ်းဆည်းရန် ဒီကိုနှိပ်ပါ >>   "Download PDF"   <<

ကိုးကား -

၁။ ဝီကီပီးဒီယား - ပဋ္ဌာန်း
(ဒေါက်တာအရှင်ကောဝိဒစာရ(ပဋ္ဌာန်းစာအုပ်)မှ ကောက်နှုတ်ရေးသားခြင်းဖြစ်ပါသည်။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

၂။ ဓမ္မအောင်လံစာပေ - ၂၄ ပစ္စည်း မဟာပဋ္ဌာန်းဒေသနာတော် ပါဠိ၊ မြန်မာပြန်။

No comments:

Post a Comment