ပဋ္ဌာန်းဒေသနာတော်ကွန်ချာ


မန္တလေးမြို့၊ မစိုးရိမ်တိုက် မဟာနာယက အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကောဝိဒါဘိဝံသ ဆရာတော်ကြီး အမြဲရွတ်ပွားတော်မူသော (၂၄) ပစ္စည်းပဋ္ဌာန်းဒေသနာတော်ကွန်ချာဖြစ်ပါသည်။ အာစိဏ္ဏကံဝတ်မပျက်စေဘဲ နေ့စဉ် တစ်ကြိမ်ထက်မနည်း ယုံကြည်စွာ ရွတ်ဖတ်ပူဇော်ပါ။ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော ကုသိုလ်ကောင်းကျိုးများ ဖြစ်ထွန်းပွားများစေပါသည်။ ဒေါင်းလုဒ်ရယူပြီး သိမ်းဆည်းပူဇော်နိုင်ပါသည်။

ဆက်ဖတ်ရန်နှိပ်ပါ>>>

ဝိပဿနာပါရဂူကျမ်းလေးစောင်တွဲမှ ၃-နံပါတ်ဝိပဿနာရှုနည်း (မူဟောင်း)


ဤနည်းသည်၊ အလွန်တရာ ပါရမီ ထက်မျက်သည့် တိက္ခပညာ ခိပ္ပါဘိည ပုဂ္ဂိုလ်များမှာ၊ တထိုင်တည်း နှင့်လည်း မဂ်၊ဖိုလ်ကို ရတတ်၏၊ ၄ - ၅ - ၁၀ ခါ ထိုင်ရုံနှင့်လည်း မဂ်၊ဖိုလ်ကို ရတတ်၏။ ရတာကိုလည်း ဖြမ်းမျှခြင်းအားဖြင့် လူ - ၁၀၀ တွင် ၄ -  ၅ - ၁၀ ယောက်လောက် ရှိလိမ့်မည်ဟု ထင်မိ၏။     ။ သို့အတွက်။ ဤနည်းအတိုင်း အားထုတ်မည်ပြုလျှင်။ အတိတ်ဘဝများကစ၍ ယခုအချိန်အထိ ပြုပြုသမျှသော ကုသိုလ်ကံတို့၏ အကျိုးကြောင့်၊ ယခုအားထုတ်ရာတွင်။ မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို ရရပါလို၏ဟု ဆုတောင်းပြီးလျှင်၊ အကယ်၍ မဂ်ဖိုလ်ကိုရောက်လျှင်လည်း၊ တနာရီကြာအောင် နိဗ္ဗာန်ကို မျက်မှောက်ပြုလျှက် နေရပါစေသတည်းဟု ဓိဋ္ဌာန်ပါ။ ဤသို့ ဓိဋ္ဌာန်ပြီးမှ

ဆက်ဖတ်ရန်နှိပ်ပါ>>>

မဟာပဋ္ဌာန်းဒေသနာတော် ပါဠိ - မြန်မာပြန်အနက်

ဗုဒ္ဓမြတ်စွာဘုရား ဟောတော်မူခဲ့သော ပစ္စယုဒ္ဒေသပါဠိတော်ကြီး၏ အဆီအနှစ်၊ အဓိပ္ပာယ်တို့ကိုဖတ်ရှုသုံးသပ်ပြီး မြန်မာပြန်အနက်ဖြင့် ပူဇော်ရွတ်ဆို၊ ကျင့်ကြံအားထုတ်နိုင်စေရန် ရည်ရွယ်ထားပါသည်။  ဒေါင်းလုဒ်ရယူပြီး သိမ်းဆည်းပူဇော်နိုင်ပါသည်။

ဟေတုပစ္စယောတိ -
ဟေတုပစ္စည်းဟူသည်ကား -

ဟေတူ ဟေတု သမ္ပယုတ္တကာနံ ဓမ္မာနံ
အခြေအမြစ်တရားတို့သည် မိမိတို့နှင့် ယှဉ်ကုန်သော တရားတို့အားလည်းကောင်း

ဆက်ဖတ်ရန်နှိပ်ပါ>>>

ပြည်မြို့ သန္ဓေပင်ရပ်၊ နန္ဒဝန် ဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး ဦးဝိသုဒ္ဓစာရ ထေရုပတ္တိအကျဉ်းချုပ်


၁။ ဆရာတော်ဘုရားကြီးဖြစ်မည့် အလောင်းအလျာတော်သည် ပဋိသန္ဓေ တည်စဉ် မယ်တော်၌ ဖြူဖွေးနုနယ်၊ ရှုချင်စဖွယ်ရှိသော ကြာပင်များသည် ကိုယ်၏အတွင်းမှ အပြင်သို့ထွက်သည်ကို လူအများဝိုင်းအုံကြည့်ရှုရသည်ဟု အိမ်မက်မြင်မက်တော်မူခြင်း။

၂။ သက္ကရာဇ် ၁၂၆၀ ပြည့်နှစ်၊ ပြာသိုလဆန်း(၁၅)ရက်၊ နန်းတော်ကုန်းရပ်၊ ဗုဒ္ဓဟူးနေ့နံနက်စက် (၁၁)နာရီအချိန် ဓနုဖြူမြို့၊ အဘ ဦးဘိုးကြူ၊ အမိ ဒေါ်ရွှေအိတို့မှ ဖွားမြင်တော်မူခြင်း။


ပြည်မြို့ နန္ဒဝန်ဆရာတော်ကြီး၏ ကျောက်စာတော်မူ


ကျောက်စာတော်ကြီး(က)။     ။ သီလသမာ၊ ဓိပညာ၊ မိန့်မှာဟောတာ ဧကန်ကွဲ့။
သီလ-သမာ၊ ဓိမပါ မင်းဟာလွဲပြီ ဧကန်ကွဲ့။
ရှေ့ဆောင်လမ်းပြ၊ ကောင်းပါက၊ နိဗ္ဗာန်ရမှာ - ဧကန်ကွဲ့။
ရှေ့ဆောင်လမ်းပြ၊ လွဲပါက၊ နိဗ္ဗာန်လွဲမှာ - ဧကန်ကွဲ့။

ဆက်ဖတ်ရန်နှိပ်ပါ >>>